Get Mystery Box with random crypto!

EDM 017's Channel

டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel E
டெலிகிராம் சேனலின் சின்னம் edm017 — EDM 017's Channel
சேனல் முகவரி: @edm017
வகைகள்: செய்தி
மொழி: தமிழ்
சந்தாதாரர்கள்: 31.34K
சேனலில் இருந்து விளக்கம்

EDM 017 Network is now fact-checking whether the news is true or not with reliable sources from media and journalists.

Ratings & Reviews

4.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

1

3 stars

1

2 stars

0

1 stars

0


சமீபத்திய செய்திகள்

2021-06-14 16:56:20
စစ်ကောင်စီက စွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ တရားလိုရဲအရာရှိကြီးများ၏ ထွက်ဆိုချက်များကို ဒေါ်အောင်ဆန်းစုကြည်က ယနေ့(ဇွန်၁၄) တရားခွင်တွင် အာရုံစိုက်တုံ့ပြန်ခဲ့ကြောင်း ၎င်းဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။

“သူသိထားထားတာနဲ့ ကွဲလွဲနေတဲ့ကိစ္စတွေကို တရားလိုက ထွက်တာမျိုးတွေရှိတယ်။ အဲဒါမျိုးတွေဆိုရင် သူက တန်းပြီးတော့ (ရှေ့နေအဖွဲ့ကို ခေါ်ယူပြီး) သတိလှမ်းပေးတာပါပဲ။ ဒီကိစ္စ ဒီလိုမဟုတ်ဘူးပေါ့” ဟု ဦးခင်မောင်ဇော်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်အတွင်းအပြုအမူနှင့် ပတ်သက်၍ “ဒီမိုကရက်တစ်ယောက်က ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေနဲ့ပတ်သက်ရင် စိတ်ဝင်တစားနဲ့ မျှတသည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ဥပဒေကို ဥပဒေနဲ့တုံ့ပြန်ဖို့ စိတ်ကူးရှိတဲ့ပုံ ပေါ်ပါတယ်”ဟု ဝါရင့်ရှေ့နေ ဦးခင်မောင်ဇော်က သုံးသပ်သည်။

Source -
https://www.myanmar-now.org/mm/news/7111

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.5K views13:56
திற / கருத்து
2021-06-14 16:33:43
နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည် သွားကိုက်​နေတယ်လို့ သူ့ရဲ့​ရှေ့​နေက ​​ပြောပါတယ်။ စစ်အုပ်စုက အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အထူးတရားရုံးမှာ ဒီ​နေ့ လူ​တွေ့စစ်​ဆေးခဲ့တာပါ။

ဒီနေ့ ရုံးချိန်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သူရဲ့ရှေ့နေတို့ နာရီဝက်​ကြာ သီးသန့်တွေ့ဆုံခွင့် ရခဲ့ပေမယ့် အမှုနဲ့သက်ဆိုင်တဲ့ အကြောင်းအရာ​တွေသာ ပြောဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေကတော့ ကောင်းတယ်ဆိုပေမယ့် သွားနည်းနည်းကိုက်နေတယ်လို့ ​ပြော​ကြောင်း သိရပါတယ်။

(ပုံအဟောင်း အသုံးပြုထားသည်)

Source -
https://m.facebook.com/story.php?story_fbid=1417375001973527&id=662575584120143

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
2.6K views13:33
திற / கருத்து
2021-06-14 15:08:15
တန်ပြန်သတင်းမှားများဖြင့် ကျူးလွန်မှုများကို ဖုံးဖိရန် စစ်ကောင်စီကြိုးပမ်းနေသည်။
မီဒီယာများကို ‘ဖာ’ မကျရန် အာဏာသိမ်းစစ်ကောင်စီ၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၁၂ သတင်းစာရှင်းလင်းပွဲတွင် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခဲ့သည်။ လွတ်လပ်သည့် သတင်းဌာနများ၏ သတင်းများမှန်ကန်မှုမရှိဟု စစ်ကောင်စီ၏ စွပ်စွဲချက်များသည် အာဏာသိမ်းပြီးကတည်းက တောက်လျှောက် လုပ်ဆောင်နေခြင်း ဖြစ်သည်။

သို့သော် ပြည်သူလူထုကို မဆိုထားနှင့် ဇွန် ၁ရက်ညက ပရိတ်ရွတ်နေသည့် သံဃာတော်များကိုပါ ဆဲဆိုကြိမ်းမောင်းပြီး အကြမ်းဖက်ဖြိုခွင်းခဲ့သည့် စစ်ကောင်စီက သူတို့မကျူးလွန်ခဲ့ကြောင်းကို ၎င်းတို့ထိန်းချုပ်ထားသည့် သတင်းစာများမှတဆင့် ဗြောင်လိမ်ခဲ့သည်။

Myanmar Now Youtube Channel



တွင် HD quality ဖြင့် ကြည့်ရှုနိုင်သည်။

Source -
https://www.facebook.com/518067831674293/videos/593243818286538

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.6K views12:08
திற / கருத்து
2021-06-14 15:04:18
တစ်အိမ်ကို နွားနှစ်ကောင်ထက်ပိုမွေးထားရင် နိုင်ငံပိုင်သိမ်းမယ်လို့ဆိုတဲ့အဆိုနဲ့အတူ MRTV လိုဂိုပါတဲ့ပုံရိပ်တစ်ခုကို ၂၀၂၁ ခုနှစ်၊ မေလတုန်းက ဘလော့ဂ်တွေနဲ့ Facebook သုံးစွဲသူတွေကြားမှာ အများအပြား ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပါတယ်။ မူလရုပ်သံအစီအစဉ်တစ်ခုကို ၂၀၁၈ ခုနှစ်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ဓာတ်ပုံတစ်ခုနဲ့ပေါင်းစပ် ဖန်တီးထားတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့အထိလည်း မြန်မာနိုင်ငံမှာ အဲဒီလိုဥပဒေမျိုး ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

MWD နဲ့ MRTV ဝဘ်ဆိုဒ်တွေအပြင် Google မှာပါ အဓိကကျတဲ့စကားလုံးတွေသုံးပြီး ရှာဖွေခဲ့ပေမယ့် မြန်မာနိုင်ငံမှာ နွားနှစ်ကောင်ထပ်ပိုမွေးရင် ပြည်သူပိုင်သိမ်းမယ်ဆိုပြီး ထုတ်ပြန်ထားတဲ့ဥပဒေသစ်နဲ့ပတ်သက်တဲ့သတင်းတစ်စုံတစ်ရာ မတွေ့ရပါဘူး။

Source -
https://factcheckmyanmar.afp.com/naattckeaangthkpiumerng-niungngnpiungsimmychiuttai-akhkalkmaadhaattpun

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
7.3K views12:04
திற / கருத்து
2021-06-14 13:03:37
၂၀၁၂ ခုနှစ်ဝန်းကျင်က ပေါ်ပေါက်ခဲ့သည့် Rohingya Solidarity Organization (RSO) မှ ယခုရက်ပိုင်းတွင် ပြန်ပေါ်ပေါက်လာပြီးနောက် စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဇွန်လ(၁၂)ရက်နေ့က ကြေညာခဲ့သည်။ RSO မှ ဗိုလ်မှူးကျော်မြင့်ထွန်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြုတ်ကျရေးအတွက် ရိုဟင်ဂျာတစ်မျိုးသားလုံး၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် RSO မှ ဦးဆောင်တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဇွန်လ(၁၃)ရက်နေ့တွင်လည်း ၎င်းတို့တပ်ဖွဲ့ဝင်များလေ့ကျင့်နေသည့် Video တစ်ခုကို Youtube ၌ ချပြခဲ့သေးသည်။ တရုတ်သတင်းဌာနတစ်ခုဖြစ်သည့် ဖီးနစ် TV အား အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ဖြေကြားခဲ့သည့် ရိုဟင်ဂျာကိစ္စများနှင့်ပတ်သက်၍လည်း ဗိုလ်မှူးကျော်မြင့်ထွန်းက ပြင်းပြင်းထန်ထန်ရှုတ်ချထားသည်။

Yangon Press Agency
https://m.facebook.com/story.php?story_fbid=155963519894955&id=107013618123279





သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
9.0K views10:03
திற / கருத்து
2021-06-14 12:20:18
စစ်ကောင်စီမှ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်နေမှုများ၊ မတရားဖမ်းဆီးထောင်ချနေမှုများ နှင့် နွေဦးတော်လှန်ရေးအတွင်း အိုးအိမ်ပျက်စီးဆုံးရှုံးရမှုများကို ဝန်ကြီးဌာန Website ဖြစ်သော https://mohai.nugmyanmar.org တွင် အမှုဖွင့်တိုင်ကြားနိုင်ရန် လမ်းညွှန်အဆင့်ဆင့်‌ ဖော်ပြပေးအပ်ပါသည်။

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
10.3K views09:20
திற / கருத்து
2021-06-13 17:39:23
ဒီနေ့ညတွင် ထပ်မံထွက်ပေါ်လာသည့် သတင်းများအရ လေယာဥ်ပျက်ကျမှုတွင် စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး သေဆုံးမှုမှာ သတင်းအမှားသာဖြစ်ပါသည်။ လေယာဥ်ပျက်ကျမှုအပြီး ဇွန် ၁၁ရက်နေ့ ည ၈နာရီ MRTV သတင်း၌ ဈေးကုန်းဆရာတော် ရုပ်ကလပ်တော်ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် နှင့်အတူ အောင်လင်းဒွေးနဲ့ မိုးမြင့်ထွန်းတို့ လည်း တက်ရောက်ကန်တော့ခဲ့ကြတာကို တွေ့ရသည်။

သတင်းမှားဖြန့်သည့် ပို့စ် -
https://m.facebook.com/story.php?story_fbid=2575224606116538&id=100008870714189

Source -
https://m.facebook.com/story.php?story_fbid=273650700949229&id=172306917750275

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
11.4K viewsedited  14:39
திற / கருத்து
2021-06-12 19:28:09
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် ဗွီဒီယိုထဲက 'ကျနော့်နာမည် မောင်အောင်ဟိန်း' ပါလို့ ပြောတဲ့သူဟာ တကယ်တော့ နာမည်ရင်း 'အောင်ဆက်' ဖြစ်ပြီး သူ့ကို ရန်ကုန်လေဆိပ်မှာ တက္ကစီမောင်းတဲ့သူတွေက သိကြပါတယ်။ ဗွီဒီယိုထဲမှာ သူပြောသလို သူမိန်းမက ကွမ်းယာရောင်းတယ်ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ရွေးကောက်ပွဲမတိုင်ခင်ကာလတုန်းကသာ ကွမ်းယာရောင်းခဲ့တာ ဖြစ်ပြီး နောက်ပိုင်း သူ့အမျိုးသမီး ကွမ်းယာရောင်းတာကို မတွေ့ရတော့ဘူးလို့ ပြောကြပါတယ်။

"ဒီကောင်က (ဗွီဒီယိုထဲ ပါသလို) ပိုက်ဆံသုံးသောင်းလောက်နဲ့ လုပ်စားမယ့်ကောင်မျိုး မဟုတ်ဘူး။ တခါတုန်းက (ပြည်လမ်း) အေဒီမီးပွိုင့်မှာ ကား ၆ စီးဆင့်တိုက်ခဲ့တုန်းကတောင် ဒီကောင်က အေးဆေးပဲ" လို့ သတင်းပေးလာသူတစ်ဦးက ဆိုပါတယ်။ အောင်ဆက်မောင်းသည့် တက္ကစီကုမ္ပဏီမှာ လှိုင်သာယာ ပန်းလှိုင်အိမ်ယာမှာဟု သိထားကြပြီး ၎င်း၏ တက္ကစီပိုင်ရှင် သူဌေးမှာ နှင်းဆီပါတီမှဟု ယူဆထားကြသော်လည်း Mratt's Channel က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

Source -
https://m.facebook.com/story.php?story_fbid=128910812667316&id=106652941559770

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.1K views16:28
திற / கருத்து
2021-06-12 11:15:05
RFM - Radio Free Myanmar ဟု အမည်ပေးထားသည့် သတင်းမီဒီယာယောင်ဆောင် အုပ်စုတစ်ခုက သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့မှ လွတ်လပ်သောမီဒီယာ RFA နှင့် ဆင်တူအောင် တုပလျက် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ပုံဖျက်သည့် မဟုတ်မှန်သောသတင်းမှားများကို ရေးသားဖြန့်‌ဝေလျက်ရှိသည်။

ယခု ရက်ပိုင်းမှာတင် ၎င်းတို့ထံမှ အလှမယ်ထားထက်ထက်နှင့် ပတ်သက်သည့် သတင်းမှား၊ မျိုးရန်နောင်သိမ်းအား လုပ်ကြံရန်စီစဥ် ဆိုသည့် သတင်းမှား၊ စသည့်မဟုတ်မှန်သတင်းများ စစ်အုပ်စုနှင့် ပတ်သက်သည့် Group များမှာ ပြန့်နှံ့လျက်ရှိသည်ဟု သိရသည်။

စိတ်ခံစားချက်အပေါ် အခြေခံထားသည့် သတင်းမှားများမှာ လက်ရှိလူမှုကွန်ရက်ပေါ်တွင် တားဆီးမရနိုင်အောင် များပြားလာပြီး အဆိုပါသတင်းမှားများကို ရေးသားဖြန့်ဝေသူများ၊ စာမျက်နှာများလည်း ယခင်က‌ထက် ပိုမိုများပြားလာလျက်ရှိသည်။ ထို့ကြောင့် သတင်းတစ်ခုကို တွေ့ရှိပါက အရင်စိစစ်ကြည့်ပြီး ယုံကြည်နိုင်ဖွယ်သက်သေရင်းမြစ် ရှိမှ ယုံကြရန် လိုအပ်သည်။

Source -
(3:53) https://fb.watch/6473rx8X9j/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
6.5K views08:15
திற / கருத்து
2021-06-12 11:01:14
စစ်ကောင်စီအား သတင်းပေးသည့် ဒလန်ဟုဆိုကာ မသက်ဆိုင်သူတစ်ဦး၏ ပုံအားအသုံးပြုလျက် လူမှားအပြစ်တင်ပြောဆိုလျက် သတင်းမှား ဖြန့်နေကြကြောင်းသိရသည်။

ပုသိမ်မြို့တွင်နေထိုင်သည့် ဒေါ်မေမြင့်မွန် ဆိုသည့် အမျိုးသမီးတစ်ဦး၏ ပုံအား အသုံးပြုလျက် သူမကို ကျုံပျော်မှ သတင်းပေးဒလန် ဒေါ်အိအိခင်ဟု လူအမှတ်မှားပြီး သတင်းမှားရေးသားပြောဆိုနေကြခြင်းဖြစ်သည်။ လူအမှတ်မှားခံရသည့် ကာယကံရှင် ဒေါ်မေမြင့်မွန်ကလည်း သူမ၏လူမှုစာမျက်နှာမှာ ပြန်လည်ဖြေရှင်းထားသည်။

Source -
(2:42) https://fb.watch/6473rx8X9j/

https://m.facebook.com/100014576461207/posts/1124135318082340/

သတင်းများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ EDM 017 ရဲ့ Telegram Channel ကို ဝင်လိုက်ပါ
ဝင်ရောက်ရန် > t.me/edm017
7.0K viewsedited  08:01
திற / கருத்து